နွေးဦးကာလ မြူတွေထ သလို လူတွေခဏခဏ အပြင်သွားနေရတော့ အပြင်ထွက်တဲ့အခါ အဖြူရောင် ဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးလေးကို အားလုံးအတွက် မျှဝေပေးခြင်ပါတယ်
ပထမ ဆုံး တစ်ချက်အနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ အဖြူရောင်ရဲ့ အားသာချက်က အနက်ရောင် နဲ့ အရောင်ခပ်မှိုင်းမှိုင်းတွေလို ပြင်ပကလာတဲ့ အလင်းတွေ အပူတွေကို စုပ်ယူတာမျိုးမဟုတ်ဘဲ ပြန်လည် အလင်းပြန်စေတာကြောင့် အဖြူရောင်ကို ဝတ်ဆင်ပြီး နေပူထဲသွားဖြစ်ရင်တောင် သာမန်အိုက်စက်နေတာထက်ပိုမိုသက်သောင့်သက်သာဖြစ်တယ်ဆိုတဲ့ခံစားမှုကို
ရရှိစေပါတယ် ။
နောက်တစ်ချက် အနေနဲ့ ပေါ့ပေါ့ပါးပါး သွားလာချင်တဲ့ နေရာမျိုးမှာ အဖြူရောင် T shirt တွေဟာ သင့်အတွက် အထူးသင့်လျော်ပါတယ် ။
Jeans ပဲလား ? ကိုယ်နှစ်သက်ရာ Trousers တစ်ခုခုပဲလား ? မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး အဖြူရောင် T shirt တစ်ထည်လောက်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ခြင်းက သင့်ကို အချိန်ကုန် သက်သာစေမှာဖြစ်သလို Smartဖြစ်နေတဲ့ Casual Look တစ်ခုကို ရရှိပိုင်ဆိုင်စေမှာ အသေချာပါပဲ ။
နောက်ဆုံး တစ်ချက်အနေနဲ့ကတော့ အဖြူရောင်ကို ရွေးချယ်ခြင်းဟာ သင့်ကို လူတွေကြားထဲမှာ
ပိုမိုထင်ပေါ်စေပါတယ် မိမိ တစ်ယောက်တည်းဖြစ်စေ အသင်းအဖွဲ့လိုက်ဖြစ်စေ အဖြူရောင်ဝတ်ဆင်ထားခြင်း ၊ အဖြူရောင်ကို တူညီဝတ်ဆင်ခြင်းတို့က အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်တာကြောင့် အားလုံးထဲမှာ မိမိက ထင်ပေါ်နေခြင်တယ်ဆိုရင်တော့ အဖြူရောင် အဝတ်အထည်တွေကို ရွေးချယ်ခြင်းက အကောင်းဆုံးပါပဲ ။
ကဲ ဒီနေ့တော့ အဖြူရောင်ကနေ ရရှိမည့် အကျိုးကျေးဇူးတွေကို ဖော်ပြပြီးဆိုတော့ နောက်နေ့များမှာလဲ တစ်ခြားစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ဖော်ပြပေးသွားဦးမှာပဲဖြစ်ပါတယ် ။ အရည်အသွေးကောင်းမွန်တဲ့ Mango ရဲ့ အဖြူရောင် T - Shirt , Blouse နဲ့ Cardigan မျိုးစုံကို Khitzay မှာ ဝယ်ယူရရှိနိုင်ပါတယ် Khitzay ချစ်သူများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ ။

အဖြူရောင် ဝတ်ပြီးအပြင်သွားတဲ့အခါ သင်ရရှိမည့် အကျိုးအမြတ်တွေက ဘာတွေဖြစ်မလဲ ?
- Brand Accounts