Delivery
ပို့ဆောင်မှု
Q: ပို့ဆောင်ရန် အချိန်ဘယ်လောက်ကြာမလဲ?
A: ရန်ကုန်မြို့ အတွက် ၂-၃ ရက်အတွင်းရောက်ရှိနိုင်ပါသည်။ နယ်မြို့များအတွက် ၅-၇ အတွင်း ရောက်ရှိနိုင်ပါသည်။ (မြို့နယ်အလိုက် ကွဲပြားနိုင်ပါသည်)
Q: အော်ဒါတင်ပြီးမှ လိပ်စာပြောင်းလဲလို့ ရပါသလား?
A: အော်ဒါတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် လိပ်စာပြောင်းလဲလိုပါက 24နာရီ အတွင်း Khit Zay page messenger သို့တိုက်ရိုက်ဆက်သွယ်ပြီး ပြောင်းလဲလိပ်စာကို အတည်ပြုပေးရန်လိုအပ်ပါသည်။
Q: Delivery မှ အော်ဒါလာရောက်ပို့ဆောင်နေစဉ်တွင် လိပ်စာပြောင်းလို့ရပါသလား?
A: လာရောက်ပို့ဆောင်မည့် Delivery Service မှ ဖုန်းဆက်သွယ်လာစဉ် လိပ်စာပြောင်းလဲလိုက်ပါက Khit Zay မှ သက်မှတ်ထားသော သက်မှတ်ရက်ထက် နောက်ကျနိုင်ပါသည်။ ပြောင်းလဲသွားသည့် လိပ်စာပေါ်မူတည်ပြီး Delivery Service မှ ကောက်ခံမည့် Delivery Charges အား ထပ်ဆောင်းပေးဆောင်ရ နိုင်ချေရှိ ပါသည်။
Q: ရုံးလိပ်စာသို့ ပို့ဆောင်ပေးပါသလား?
A: ဟုတ်ကဲ့ ပို့ဆောင်ပေးပါသည်။ အော်ဒါတင်ပြီး 24နာရီ အတွင်း တိကျသောလိပ်စာ ဖော်ပြပေးပါက ရုံးလိပ်စာသို့ပို့ဆောင်ပေးနိုင်ပါသည်။
Q: Khit Zay သည် ရန်ကုန်မြို့အပြင် အခြားသော တိုင်းနှင့်ပြည်နယ်များသို့ ကုန်ပစ္စည်း ပို့ဆောင်ပေးပါသလား?
A: ဟုတ်ကဲ့ ပို့ဆောင်ပေးနိုင်ပါသည်၊ Khit Zay သည် ရန်ကုန်မြို့တွင်သာမက ပြည်တွင်းရှိ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ပို့ဆောင်ပေးလျက်ရှိပါသည်။ ပို့ဆောင်နိုင်သော မြို့နယ်စာရင်း နဲ့ အသေးစိတ် ကို Khit Zay Messenger ဝန်ဆောင်မှုမှ တစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါသည်။
Q: တိုင်းနှင့်ပြည်နယ်များ အလိုက် delivery ပို့ဆောင်တဲ့ ကြာချိန်နဲ့ ကျသင့်ငွေ သိပါရစေ ?
A: Region အလိုက် ခန့်မှန်း Shipping Fees & Duration လေးပါ.. နေ့စဉ်နဲ့ အမျှ အပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါတယ်
Region | Shipping Fees | Shipping Duration |
Yangon | 3000 to 4000 | 1 to 3days |
Mandalay | 4000 to 6000 | 3 to 5days or 1 week |
Naypyitaw | 4000 | 3 to 5days |
Magway | 4000 to 6000 | 5 to 7 days |
Sagaing | 4000 to 8000 | 5 to 10 days |
Bago | 4000 to 6000 | 3 to 5days |
Ayeyarwaddy | 4000 to 6000 | 5 to 7 days |
Tanintharyi | 4000 to 10000 | 7 to 10 days လမ်းခရီးအခြေအနေအရ ပိုကြာနိုင် |
Shan | 4000 to 10000 | 7 to 10 days လမ်းခရီးအခြေအနေအရ ပိုကြာနိုင် |
Kayin | 4000 to 10000 | 7 to 10 days လမ်းခရီးအခြေအနေအရ ပိုကြာနိုင် |
Kayah | 4000 to 10000 | 7 to 10 days လမ်းခရီးအခြေအနေအရ ပိုကြာနိုင် |
Rakhine | _ | (ကားဂိတ်ချရပါသည်) |
Chin | _ | (ကားဂိတ်ချရပါသည်) |
Kachin | _ | (ကားဂိတ်ချရပါသည်) |