Fashion

နွေရာသီမှာ Sun Cream ဘာကြောင့်လိုလဲ?
- Brand Accounts
-
နွေရာသီမှာ Sun Cream ဘာကြောင့်လိုလဲ?ဟုတ်ပါတယ်။ Sun Cream ဟာ နေ့တိုင်းအတွက် တကယ်ကို မရှိမဖြစ်လိုအပ်တဲ့အရာပါ။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အသားအရေခြောက်သွေ့ခြင်းတို့ကစလို့ အသားအရေကင်ဆာဖြစ်ခြင်းတို့ကို ဖြစ်စေတဲ့ UV Rays ကို Sun Cream က ကာကွယ်ပေးနိုင်ပါတယ်။အခုလတ်တလော အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံရဲ့ပူပြင်းလှတဲ့ နေဒဏ်ကို အံတုရင်း အပြင်ကို ဆက်တိုက်ထွက်နေရတယ် မဟုတ်လား။ ကဲဒါဆိုရင် ဒီစာလေးက သင့်အတွက်ပါပဲ..Sun Cream မလိမ်းရင်ဘာတွေဖြစ်နိုင်လဲ?UV Ray က အသားအရေလျော့တွဲခြင်း၊ ပျက်စီးခြောက်သွေ့ခြင်းတို့ကို ဖြစ်ပေါ်စေပြီး အသက်အရွယ်ရလာတာနဲ့အမျှ အမဲစက်တွေ၊ အရေးအကြောင်းတွေ တားမရဆီးမရ ပေါ်လာနိုင်ပါတယ်။ အပြင်ထွက်တိုင်း Sun Cream နဲ့ Moisturizer လိမ်းပေးခြင်းက Anti Aging ဆေးတစ်ခွက်ပါပဲလို့ အရေအပြားဆရာဝန်တွေက ဆိုပါတယ်။ဘယ်လို Sun Cream ကို ရွေးချယ်ကြမလဲMoisturizer ရွေးချယ်သလိုမျိုး ကိုယ့်အသားအရေအပေါ်မူတည်ပြီး Sun Cream ရွေးချယ်တတ်ဖို့က အရေးကြီးဆုံးပါပဲ။ အနည်းဆုံး SPF 30 ပါဝင်တဲ့ Sun...