Discount ဖြင့် ဝယ်ယူထားခြင်း မဟုတ်သော ပစ္စည်းများကို 7 Days အတွင်း ပြန်လည်လဲလှယ်နိုင်ပါသည်။ အသေးစိတ်ကို Returns & Exchange Policy တွင် ဖတ်ရှုနိုင်ပါသည်။ ◆ Discount ဖြင့် ဝယ်ယူထားခြင်း မဟုတ်သော ပစ္စည်းများကို 7 Days အတွင်း ပြန်လည်လဲလှယ်နိုင်ပါသည်။ အသေးစိတ်ကို Returns & Exchange Policy တွင် ဖတ်ရှုနိုင်ပါသည်။
Discount ဖြင့် ဝယ်ယူထားခြင်း မဟုတ်သော ပစ္စည်းများကို 7 Days အတွင်း ပြန်လည်လဲလှယ်နိုင်ပါသည်။ အသေးစိတ်ကို Returns & Exchange Policy တွင် ဖတ်ရှုနိုင်ပါသည်။ ◆ Discount ဖြင့် ဝယ်ယူထားခြင်း မဟုတ်သော ပစ္စည်းများကို 7 Days အတွင်း ပြန်လည်လဲလှယ်နိုင်ပါသည်။ အသေးစိတ်ကို Returns & Exchange Policy တွင် ဖတ်ရှုနိုင်ပါသည်။

Retail Exchange Policies

Adidas Retail Exchange Policy

* ဝယ်ယူပြီး ၃ရက် အတွင်း ဝယ်သွားသောဆိုင်တွင်သာ Sales Slip ပြပြီး လဲလှယ်ရမည်။
* Size မတော်ခြင်း၊ Factory damage, manufacturing fault ဟုခေါ်သော စက်ရုံမှ မှားယွင်းသော အရည်အသွေးမပြည့်သော ပစ္စည်းများကိုသာ လဲလှယ်ပေးမည်။
* ငွေပြန်အမ်းမရှိဘဲ အခြားဈေးနှုန်းတူ (သို့) ဈေးပိုသော ပစ္စည်းတစ်ခုအားလှယ်နိုင်သည်။
* အသုံးမပြုရသေးသည့် အသစ်ပုံစံအတိုင်းသာ လဲလှယ်နိုင်သည်။
* ခြေအိတ်၊ Sport Bra၊ Alestic ပါဝင်သော ပစ္စည်းများ မပြန်လဲနိုင်။
* အငြင်းပွားမှု ဖြစ်ပါက Adidas Myanmar ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

Ipanema Kids Retail Exchange Policy

* မိမိတို့ ရွေးချယ်ဝယ်ယူခဲ့သည့် ဖိနပ်ဆိုဒ်ကို အကြောင်းအမျိုးမျိုးကြောင့် ပြန်၍လဲလှယ်လိုပါက (ဝယ်ယူခဲ့သောတူညီသည့်ဖိနပ်အမျိုးအစားကိုသာ) ဝယ်ယူသည့်နေ့မှ (၃) ရက်အတွင်း Price tag နှင့် Receipt ပါမှ ပြန်လည်လဲလှယ်နိုင်ပြီး မူရင်းအခြေအနေရှိသော ဖိနပ်များကိုသာ လဲလှယ်ပေးပါသည်။
* ဝယ်ယူသည့်နေ့မှ ၁လအတွင်း Product Defect တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက မူလဝယ်ယူထားသည့်ဖိနပ်ပုံစံတူဆိုဒ်တူ အမျိုးအစားတစ်ရံနှင့် လဲလှယ်ပိုင်ခွင့်ရှိပါသည်။
* ဝယ်ယူသည့်နေ့မှ 3လအတွင်း Product Defect တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက မူလဝယ်ယူထားသည့်ဖိနပ်ပုံစံတူဆိုဒ်တူ အမျိုးအစားတစ်ရံအား ဝယ်ယူခွင့် ၅၀% ရာခိုင်နှုန်း လျှော့ဈေးဖြင့် ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။မည်သည့် ဖိနပ်အမျိုးအစားမဆို စိတ်တိုင်းကျရွေးချယ် ဝယ်ယူစီးနင်းနိုင်ပါသည်။

Terms & Condition Apply

Exchange ဝန်ဆောင်မှုရယူရန်အတွက် အောက်ပါအချက်အလက်များ ပါရှိရန်လိုအပ်ပါသည်

* မိမိဝယ်ယူခဲ့သည့် ဆိုင်တွင်သာ exchange ပြုလုပ်နိုင်ပါမည်။
* ဝယ်ယူခဲ့သည့် Receipt (ဘောက်ချာ) များ ပူးတွဲပါရှိရန် လိုအပ်ပါသည်။
* မိမိတို့ပြန်လဲလှယ်လိုသော ဖိနပ်ဆိုဒ်သည် အဆိုပါဆိုင်တွင်ရှိနေပါက အမျိုးအစားတူဖိနပ် design ထဲမှ color တူ (သို့မဟုတ်) color ကွဲကို ထိုနေ့တွင်လဲလှယ်နိုင်ပြီး ပစ္စည်းပြတ်လပ်သွားပါက ရက်ချိန်း (၃) ရက်ခန့် စောင့်ဆိုင်းပေးရပါမည်။
* ဆိုင်တွင် မိမိစိတ်ကြိုက်ရွေးချယ်ဝယ်ယူခဲ့သော ဖိနပ်များကို Product Defect ကြောင့်မဟုတ်ဘဲ မည်သည့်အကြောင်းပြချက်နှင့်မျှ ပြန်လည်လဲလှယ်ပေးမည်မဟုတ်ပါ။
* ပြန်လည်လဲလှယ်ရာတွင် ပိုငွေပြန်အမ်းခြင်း၊ လိုငွေထပ်ဖြည့်ခြင်းများဖြင့် မိမိဝယ်ယူခဲ့သော ဖိနပ်အမျိုးအစားနှင့်တူညီမှုမရှိသော ပစ္စည်းများအား ဝယ်ယူခွင့်ရှိမည်မဟုတ်ပါ။

အငြင်းပွားဖွယ် တစ်စုံတစ်ရာကိစ္စများ ဖြစ်ပေါ်ပါက Ipanema Kids Myanmar ၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

Crocs Retail Exchange Policy

Crocs ဆိုင်များတွင် ဝယ်ယူသွားသည့် ပစ္စည်းများ၏ Size နှင့် ပတ်သက်၍ အဆင်မပြေမှုများ ရှိခဲ့ပါက ဝယ်ယူသည့်ရက်မှစ၍ (၁)ပတ် အတွင်း ပစ္စည်း၏ မူလအနေ အထားအတိုင်း ပြန်လည်ယူဆောင်လာ ပေးခြင်းဖြင့် လဲလှယ်ပေးပါမည်။ မိမိ ဝယ်ခဲ့သော ပစ္စည်းအမျိုးအစား၏ Size Changeအတွက်သာ လဲလှယ်ခွင့် ရှိပါသည်။
ဝယ်ယူသွားသည့် ပစ္စည်း၏ Quality Error ကြောင့် အဆင်မပြေမှုများ ဖြင်ခဲ့လျှင် (၁)လအတွင်း ဝယ်ယူခဲ့သော ပစ္စည်း အမျိုးအစားထဲမှသာ လဲလှယ်ခွင့်ရှိပါသည်။ Quality Error ကြောင့်မဟုတ်ပဲ မိမိကြောင့် ဖြစ်သော ကိစ္စများအတွက် လဲလှယ်ပေးမည် မဟုတ်ပါ။
Exchange Policy နှင့် ပတ်သက်၍ အောက်ပါစည်းကမ်းများကို လိုက်နာရပါမည်။

* ဝယ်ယူထားသည့် ပစ္စည်း၏ ဘောက်ချာအား တပါတည်း ယူဆောင်လာရန်။
* ဖိနပ်တွင် ကပ်ထားသည့် logo ကတ်ပြားနှင့် ဈေးနှုန်းကတ်ပြားတို့ကို မဖြုတ်ရန်။
* ဝယ်ယူခဲ့သော ဖိနပ်အား နဂိုမူလပုံစံအတိုင်း ယူဆောင်လာပေးရန်။ (အရောင်စွန်းထင်းခြင်း၊ ညစ်ပေနေခြင်းများမရှိရ)
* ဝယ်ယူပြီးသော ပစ္စည်းအတွက် ငွေပြန်အမ်းမည် မဟုတ်ပါ။
* မိမိလဲလှယ်မည့်ဖိနပ်အားဝယ်ယူခဲ့သည့် အရောင်းဆိုင်တွင်သာလဲလှယ်ခွင့်ရှိပါသည်။
* ဆိုင်ရှိ တာဝန်ရှိဝန်ထမ်းမှ လဲလှယ်မည့်ဖိနပ်အား စစ်ဆေးမှုပြုလုပ်ပြီး ၄င်း၏ဆုံးဖြတ် ချက်အတိုင်း လက်ခံရပါမည်။
* အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက CROCS MYANMAR Head Office ၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်သည်။
ဝယ်ယူအားပေးမှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။

Yangon : Myanmar Plaza, Junction City, Junction Square, City Mal (St. John)
Mandalay: Capital Mall, Central Point Shopping Mall

BONIA Retail Exchange Policy

Customer မှ လက်ဆောင်ပေးရန်အတွက် ဝယ်ယူသောအခါတွင် လက်ဆောင်ရသောသူ မှ Design အား မကြိုက်သောကြောင့် Exchange ပြုလုပ်လိုပါက ဝယ်သောနေ့မှစတင်၍ တစ်လ အတွင်း Exchange ပြုလုပ်နိုင်ပါမည်။
မိမိဘာသာအသုံးပြုရန် ဝယ်ယူပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်လဲလှယ်ချင်သောအခါတွင် ဝယ်သောနေ့မှစတင်၍ ၃ ရက် အတွင်း Exchange ပြုလုပ်နိုင်ပါမည်။
Exchange ပြုလုပ်ရာတွင် ဈေးတူသော (သို့မဟုတ်) ဈေးများသော Item များနှင့် လဲလှယ်ခွင့် ရှိသည်။

Exchange Policy အရ Customer သည် မိမိ ဝယ်ယူစဉ်က ပါသော Slip, Warranty card, Description card ပြသ၍ Product error မရှိသောအခါမှသာ Exchange ပြုလုပ်နိုင်ပါသည်။
အထက်ပါ Exchange များအား Brand ဘက်သို့ အကြောင်းကြားပြီး Brand ၏ Decision ဖြင့်သာ Exchange ပြုလုပ်၍ ရပါမည်။
Principle Guideline အရ Warranty Policy အား သတ်မှတ်ထားသော Terms & Conditions များအတိုင်း ခံစားခွင့်ရပါမည်။

BONIA Ecommerce Exchange Policy

Exchange ပြုလုပ်လိုသော Customer သည် Delivery ဆီမှ ပစ္စည်းလက်ခံရရှိပြီးနေ့မှ စ၍ ၃ ရက် အတွင်း Bonia Facebook Page or Khit Zay Customer Service သို့ အကြောင်းကြားမှသာ Exchange ပြုလုပ်ခွင့်ရပါမည်။
Exchange ပြုလုပ်ရာတွင် ဈေးတူသော (သို့မဟုတ်) ဈေးများသော Item များနှင့် လဲလှယ်ခွင့် ရှိသည်။ Principal Guideline အရ Warranty Policy အား သတ်မှတ်ထားသော Terms & Conditions များအတိုင်း ခံစားခွင့်ရပါမည်။
Ecom မှ ဝယ်ယူသော 40% Discount နှင့် အထက် Items များအတွက် Warranty Policy သည် အကျုံးမဝင်ပါ။

BONIA Warranty Policy

Warranty Card တွင်ပါရှိသော Date (မိမိ ဝယ်ယူသည့်နေ့) မှ စ၍ ၆လအတွင်း ဇစ် ၊ဘာကယ် ၊နှိပ်သီးပြုတ်တာနဲ့ ချုပ်ရိုးပြေတာ၊ အရောင်ကျွတ်သည် များဖြစ်ခဲ့လျှင် Principal ထံသို့ Error & Damage Condition ကို အကြောင်းကြား၍ ပြန်လည် ပြင်ဆင်နိုင်ပါသည်။
User false ကြောင့်ဖြစ်သော leather ကွဲခြင်း, Wear & Tear damage များသည် Warranty repair ထဲတွင် ပါဝင်ခြင်း မရှိပါ။
Warranty ကာလအတွင်း User False ကြောင့်ဖြစ်သော Damage များ နှင့် Warranty ကာလကျော်သွားသော Damage Condition များအား ပြန်လည်ပြင်ဆင်လိုပါက Principal ထံသို့ Damage Condition အကြောင်းကြားပြီး Service Charges ပေး၍ ပြန်လည် ပြုပြင်နိုင်ပါသည်။

CHARLES & KEITH Retail Exchange Policy

*Exchange ပြုလုပ်မည့် Itemသည် စတင်ဝယ်ယူထားသောပစ္စည်းအခြေအနေအတိုင်း ရှိနေရမည်ဖြစ်ပြီး ဝယ်ယူထားသော ဘောက်ချာနှင့်တကွ ဝယ်ယူပြီးသည့်နေ့မှ စ၍ ၇ရက်အတွင်းသာ လဲလှယ်နိုင်မည် ဖြစ်သည်။
*ဝယ်ယူထားသော ပစ္စည်းများအား ငွေသားဖြင့် ပြန်လည် လဲလှယ်ခြင်း၊ Discount Item များအား Exchange ပြုလုပ်ခြင်း မရနိုင်ပါ။
*Exchange/Refund အား Voucher တစ်စောင်လျှင် တစ်ကြိမ်သာ လဲလှယ်ခွင့်ရရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ ဝယ်ယူခဲ့သော နိုင်ငံတွင်သာ အကျုံးဝင်မည် ဖြစ်သည်။
*Exchange ပြုလုပ်လိုသော ပစ္စည်း တန်ဖိုးသည် ဝယ်ယူခဲ့သော ပစ္စည်း တန်ဖိုးထက် များနေပါက Customer အနေနှင့် လိုအပ်သော Amount အား ပေးဆောင်ရမည်၊ သို့မဟုတ် ဝယ်ယူခဲ့သော ပစ္စည်း တန်ဖိုး အောက် လျော့နည်းပါက ထပ်တိုး ပစ္စည်း ဝယ်ယူနိုင်မည်ဖြစ်ပြီး ပိုငွေအား ပြန်လည် ပေးဆောင်မည် မဟုတ်ကြောင်း သတိပေးအပ်ပါသည်။
*Exchange မပြုလုပ်မှီ ပျက်စီးသွားသော ပစ္စည်း ၏ သက်တမ်း နှင့် အခြေအနေပေါ်မူတည်၍ အငြင်းပွားစရာ တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့လျှင် C & K Myanmar ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
*Discount item များအားကြိုတင် မှာယူ/ဝယ်ယူခွင့် မပြုပါ။
*မိမိတို့၏ ကိုယ်ပိုင်ပစ္စည်းများအား ကိုယ်နှင့်မကွာ ဆောင်ထားပေးပါရန်နှင့် ဆိုင်အတွင်း ပစ္စည်း ပျက်စီး ၊ ပျောက်ရှမှုများအတွက် Managementဘက်မှ တာဝန်ယူ ဆောင်ရွက်ပေးမည်မဟုတ်ပါ။
*Customerများ လုံခြုံမှုရှိစေရန်အတွက် CCTV camera များအား ဆိုင်အတွင်းတွင် တပ်ဆင်ထားရှိပါသည်။
*ဆိုင်အတွင်း ဓာတ်ပုံရိုက်ခြင်း၊ အစားအသောက်များ စားသုံးခြင်း အား လုံးဝ (လုံးဝ) ခွင့်မပြုပါ။
*Management Terms အနေနှင့် ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ လိုအပ်သလို သက်ဆိုင်ရာ Story Police နှင့် Trems & Conditionများအား ပြောင်းလဲ သတ်မှတ်နိုင်မည်ဖြစ်ပြီး Management၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။
*Gift Voucherများအား ပြန်လည် လဲလှယ်ခြင်း၊ ငွေပြန် အမ်းခြင်းများ ပြုလုပ်ခွင့်မရှိပါ။

Ipanema Retail Policy

မိမိတို့ ရွေးချယ်ဝယ်ယူခဲ့သည့် ဖိနပ်ဆိုဒ်ကို အကြောင်းအမျိုးမျိုးကြောင့် ပြန်၍လဲလှယ်လိုပါက (ဝယ်ယူခဲ့သောတူညီသည့်ဖိနပ်အမျိုးအစားကိုသာ) ဝယ်ယူသည့်နေ့မှ (၃) ရက်အတွင်း Price tag နှင့် Receipt ပါမှ ပြန်လည်လဲလှယ်နိုင်ပြီး မူရင်းအခြေအနေရှိသော ဖိနပ်များကိုသာ လဲလှယ်ပေးပါသည်။
ဝယ်ယူသည့်နေ့မှ နှစ်ပတ်အတွင်း Product Defect တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက မူလဝယ်ယူထားသည့်ဖိနပ်ပုံစံတူဆိုဒ်တူ အမျိုးအစားတစ်ရံနှင့် လဲလှယ်ပိုင်ခွင့်ရှိပါသည်။
ဝယ်ယူသည့်နေ့မှ နှစ်လအတွင်း Product Defect တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက မူလဝယ်ယူထားသည့်ဖိနပ်ပုံစံတူဆိုဒ်တူ အမျိုးအစားတစ်ရံအား ဝယ်ယူခွင့် ၅၀% ရာခိုင်နှုန်း လျှော့ဈေးဖြင့် ခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

Terms & Condition Apply

Exchange ဝန်ဆောင်မှုရယူရန်အတွက် အောက်ပါအချက်အလက်များ ပါရှိရန်လိုအပ်ပါသည်။
* မိမိဝယ်ယူခဲ့သည့် ဆိုင်တွင်သာ exchange ပြုလုပ်နိုင်ပါမည်။
* ဝယ်ယူခဲ့သည့် Receipt (ဘောက်ချာ) များ ပူးတွဲပါရှိရန် လိုအပ်ပါသည်။
* မိမိတို့ပြန်လဲလှယ်လိုသော ဖိနပ်ဆိုဒ်သည် အဆိုပါဆိုင်တွင်ရှိနေပါက အမျိုးအစားတူဖိနပ် design ထဲမှ colorတူ (သို့မဟုတ်) color ကွဲကို ထိုနေ့တွင်လဲလှယ်နိုင်ပြီး ပစ္စည်းပြတ်လပ်သွားပါက ရက်ချိန်း (၃) ရက်ခန့် စောင့်ဆိုင်းပေးရပါမည်။
* ဆိုင်တွင် မိမိစိတ်ကြိုက်ရွေးချယ်ဝယ်ယူခဲ့သော ဖိနပ်များကို Product Defect ကြောင့်မဟုတ်ဘဲ မည်သည့်အကြောင်းပြချက်နှင့်မျှ ပြန်လည်လဲလှယ်ပေးမည်မဟုတ်ပါ။
* ပြန်လည်လဲလှယ်ရာတွင် ပိုငွေပြန်အမ်းခြင်း၊ လိုငွေထပ်ဖြည့်ခြင်းများဖြင့် မိမိဝယ်ယူခဲ့သော ဖိနပ်အမျိုးအစားနှင့်တူညီမှုမရှိသော ပစ္စည်းများအား ဝယ်ယူခွင့်ရှိမည်မဟုတ်ပါ။
အငြင်းပွားဖွယ် တစ်စုံတစ်ရာကိစ္စများ ဖြစ်ပေါ်ပါက Ipanema Kids Myanmar ၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

 

Loading...

Khit Zay မှ ကြိုဆိုပါတယ် 👋

မင်္ဂလာပါ၊ ကျွန်တော်တို့ ဘယ်လိုကူညီပေးရမလဲ?